ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

2MTA မွန်တိုင်းအာမီ တပ်ဖွဲ့ဝင်ဟောင်းများ ဥက္ကဋ္ဌ နှင့် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်မျိုးဆက် အင်အားစုအဖွဲ့တို့
ဇန်န၀ါရီ ၂၂ ရက်နေ့၊နေ့လည် ၁၂း၀၀ နာရီ မိနစ်အချိန်ခန့်တွင်
တောင်ကြီးမြို့၊ရတနာသီရီ ရပ်ရှိ၊ ရလလဖ အဖွဲ့၏ တောင်ကြီးဆက်ဆံရေးရုံးတွင်တွေ့ဆုံခဲ့သည်။

MTA မွန်တိုင်းအာမီ တပ်ဖွဲ့ဝင်ဟောင်းများ ဥက္ကဋ္ဌ ဦးစိုင်းခွန်မိန်းက ဆွေးနွေးပြောကြားရာတွင်
ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ဒုဥက္ကဋ္ဌ ဦးစိုးအောင်လွင်က ဆွေးနွေးရာတွင်

အရပ်ဘက်လူ့အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်မျိုးဆက်အင်အားစု အဖွဲ့က ပြန်လည်ဆွေးနွေးရာတွင်

MTA မွန်တိုင်းအာမီ တပ်ဖွဲ့ဝင်ဟောင်းများ ဥက္ကဋ္ဌဦးစိုင်းခွန်မိန်းက ပြောကြားရာတွင်
ယင်းတွေ့ဆုံဆွေးနွေးပွဲညနေ ၃း၃၀ မိနစ်တွင်အဆုံးသတ်ခဲ့သည် ကိုတွေ့ရသည်။

- လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ တိုင်းပြည်အခြေအနေ၊ နိုင်ငံရေး အခြေအနေ၊ တိုင်းရင်းသားအားလုံးညီညွတ်ဖို့ လိုအပ်ကြောင်း၊ဆွေးနွေး သုံးသပ်ပြောဆိုခဲ့သည်။
- ထီးကဲ့သို့ အရိပ်အာဝါသပေးနိုင်သည့် တိုင်းရင်းသားခေါင်းဆောင်တွေ ပေါ်ပေါက်လာဖို့ လိုအပ်ကြောင်း၊
- အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုအရေး နှင့် ပတ်သတ်ပြီး ဖက်ဒရယ်ကို သွားမည်ဆိုလျှင် တိုင်းရင်းသားခေါင်းဆောင်တွေ ညီညွတ်ပြီး ပါဝင်နိုင်မှသာလျင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊
- ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ကေအိုင်အို၊ ကေအိုင်အေ နှင့် မြန်မာ အစိုးရတပ်တို့ကြားတွင်လည်း နှစ်ဦး နှစ်ဘက် စလုံးမှ နိုင်ငံရေးဆွေးနွေးမှသာလျှင် ငြိမ်းချမ်းရေးအတွက်အဖြေထွက်ပေါ်လာနိုင်ကြောင်း
ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ဒုဥက္ကဋ္ဌ ဦးစိုးအောင်လွင်က ဆွေးနွေးရာတွင်
- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလည်းရန်အတွက် လူငယ်များ၊တိုင်းရင်းသားများ အားလုံးအဖြေရှာသင့်ကြောင်း၊ပြန်လည်ဆွေးနွေးသည်။
- ငြိမ်းချမ်းရေး နှင့် ပတ်သတ်ပြီး ဒေသတွင်းမှာရှိသည့် တိုင်းရင်းသားများ၊ လူမျိုးစုများ၊ စုစုစည်းစည်း ညီညီညွတ်ညွတ်နှင့် တည်ထောင်ပြီး ငြိမ်းချမ်းရေး အတွက်ဖော်ဆောင်ရန် လိုအပ်ကြောင်း
အရပ်ဘက်လူ့အဖွဲ့အစည်းဖြစ်သည့် ရှမ်းပြည်မျိုးဆက်အင်အားစု အဖွဲ့က ပြန်လည်ဆွေးနွေးရာတွင်
- တိုင်းရင်းသား အရေး နှင့် ဒီမိုကရေ စီအရေးသည် တချိန်တည်း အကောင်ထည်ဖော်ဆောင်ရန်လိုအပ်ကြောင်း၊ဆွေးနွေးခဲ့သည်။
- ပူးတွဲဖြေရှင်းပြီး အနာဂတ်တွင် ငြိမ်းချမ်းရေးကို ထူထောင်ပြီး စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်မည် ဖြစ်ကြောင်း၊
- လွှတ်တော် ပြင်ပနိုင်ငံရေးသည်လည်း အရေးကြီးကြောင်း၊
- ပြင်ပ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအားကောင်းလာနိုင်မှ ဒီမိုကရေစီ စနစ်ကို တည်ထောင်နိုင်အောင်မြင်နိုင်မှာ ဖြစ်ကြောင်း
MTA မွန်တိုင်းအာမီ တပ်ဖွဲ့ဝင်ဟောင်းများ ဥက္ကဋ္ဌဦးစိုင်းခွန်မိန်းက ပြောကြားရာတွင်
- ဖက်ဒရယ် ၁၄ပြည်နယ်ကို ယူမည်ဆိုလျှင် ယူနစ် သတ်မှတ်လိုက်လျှင်လည်း အဓိက ကျနိုင်မည် မဟုတ်ကြောင်း၊သုံးသပ်ပြောဆိုခဲ့သည်။
- ဗဟိုအစိုးရအာဏာလျော့ကျရေး အတွက် ယူနစ်သည် ပြဿနာမဖြစ်နိုင်ကြောင်း၊
- အခြေခံဥပဒေအတိုင်းလုပ်ဆောင်ရမည် သာဖြစ်ကြောင်း၊
- အာဏာခွဲဝေမှု တိကျလာလျှင် ပြည်နယ်လွတ်တော်တွေပါ အသက်ဝင်လှုပ်ရှားလာနိုင်ကြောင်း
ယင်းတွေ့ဆုံဆွေးနွေးပွဲညနေ ၃း၃၀ မိနစ်တွင်အဆုံးသတ်ခဲ့သည် ကိုတွေ့ရသည်။
No comments:
Post a Comment