Saturday, March 2

ပန်းချီနဲ့ပန်းပုတွဲတဲ့ ရန်ကုန်က ပြပွဲ


Plus Three Star အမည်ရ ပန်းချီ၊ ပန်းပု ပြပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ လောကနတ် ပန်းချီပြခန်း တွင် ၆ ရက်ကြာ ကျင်းပပြုလုပ်ရာ ယမန်နေ့က အဆုံးသတ်ခဲ့သည်။ 

တိုင်းရင်းသားရိုးရာယဉ်ကျေးမှု၊ ရှုခင်း၊ သာသနိက အဆောက်အအုံ၊ ဗိုလ်ချုပ်အောင်ဆန်း စသည့် ပန်းချီကား တရာကျော်ကို ခင်းကျင်း ပြသခဲ့သည်။

 ရေဆေး၊ ဆီဆေး၊ အခရီုင်းလစ် စသည့် မီဒီယာများကို အသုံးပြုထားသည့် ပန်းချီကားများ ဖြစ်သည်။

ပန်းချီပြပွဲ အများအပြား ပြုလုပ်နေသည့်ကာလတွင်  ပထမဆုံးအကြိမ် ပန်းချီနှင့်ပန်းပုပေါင်းပြီး ပြပွဲပြုလုပ်ခြင်း ဖြစ်သည်ဟု ပန်းချီဆရာ ကိုကျော်ကျော်မျိုးက ပြောသည်။



ပြပွဲကာလအတွင်း အသက် ၇၀၊ ၈၀ ဝန်းကျင်  ပန်းချီဆရာကြီးတို့ကို ပုံတူဆွဲခြင်း၊ ပုံတူပန်းပုထုခြင်းများ ပြုလုပ်ခဲ့သည်။

နာမကျန်းဖြစ်နေပါက ထိုပန်းချီဆရာထံသို့  အိမ်တိုင်ရာရောက် သွားပြီး  ရေးဆွဲ၊ ထုလုပ်ကြောင်း၊ အိပ်ရာထဲတွင် လဲနေသည့် ပန်းချီဆရာကြီး ဦးခင်မောင်ရင်ထံ သွားရောက်ပြီး ပန်းပုရုပ်ထုခဲ့ကြောင်း၊ ဆရာကြီး ဦးခင်မောင်ရင်က ပန်းပုရုပ်ကြည့်ပြီး ၀မ်းမြောက်ကြည်နူး ပီတိဖြစ်ခဲ့သည်ကို တွေ့ရကြောင်း ကိုကျော်ကျော်မျိုးက ရှင်းလင်းပြောဆိုသည်။

ယခုပွဲ ပြီးဆုံးလျှင် မြန်မာပြည်တွင် အသက်ကြီးဆုံး ပန်းချီဆရာကြီး ဖြစ်သည့် ပန်းချီဆရာကြီး ဦးစန်းလှိုင်ကို ဂုဏ်ပြုသည့် ပြပွဲတခု စီစဉ်ထားကြောင်း၊ ဆရာကြီးကိုလည်း ဖိတ်ကြားမည်ဖြစ်သဖြင့် အတက်အဆင်းလုပ်ရန် မလိုသည့်  မြေညီထပ်ရှိ ပန်းချီ ပြခန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကိုကျော်ကျော်မျိုးက ပြောသည်။

 ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~























No comments:

Post a Comment