ကလေးငယ်များ၏ တေးဂီတ သီဆိုမှု ပြိုင်ပွဲအား တောင်ကြီးမြို့ ၊မြို့တော်ခန်းမတွင် မတ် ၁ ရက်နေ့မှ ၅ရက်နေ့ထိ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် မိခင် နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က ကျင်းပခြင်း ဖြစ်ကြောင်း၊ ILBC ကလေးစာသင်ကျောင်းက အဓိက ကူညီပေးခဲ့ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
ကလေး သီချင်းဆိုပြိုင်ပွဲတွင် အသက် ငါးနှစ်အောက်၊ ငါးနှစ် အထက် ဟူ၍ အုပ်စုနှစ်စုခွဲပြီး ပြုလုပ်ခဲ့သည်။
ကလေးများ စိတ်ကူးဥာဏ်ရည်မြင့်မားစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ပျော်ရွှင်စေရန်ရည်ရွယ်ပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း သီချင်းသီဆိုမှု အကဲဖြတ်ဒိုင်အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ထို့အပြင် အပျိုတော်ယိမ်း၊ ရှမ်းတိုင်းရင်းသားအက၊ ခေတ်ပေါ် အကအလှများကိုလည်း တင်ဆက်ခဲ့သည်။
မတ်၅ရက်နေ့ ယှဉ်ပြိုင်မှု အပြီးတွင် သက်တမ်းအလိုက် ဆုပေးပွဲပါ ကျင်းပခဲ့သည်။
ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
No comments:
Post a Comment