Wednesday, March 6

တပ်မတော်သား နှစ်ဦး ဟဲဟိုးမြို့ယာဉ်တိုက်မှုတွင် သေဆုံး



ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆိုင်ကယ်စီးလာကြသည့် ခြေလျှင်တပ်ရင်း အမှတ်  ၉၄ မှ တပ်ကြပ်ကြီး တဦး၊ တပ်သားတဦးသည် ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ စည်ပင်သာယာရုံးအနီးတွင် ခရီးသည်တင်ကားကြီးတစီးနှင့် မျက်နှာချင်းဆိုင် တိုက်မိပြီးနောက် ထိုနေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

ခရီးသည်တင်ကားမှာ တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ ခရီးနှင်လာသည့် ရွှေတောင်ရိုး အမြန်လေအိတ်ကားဖြစ်ကြောင်း  တောင်ကြီးရွှေတောင်ရိုးဂိတ်၏ အတည်ပြုပြောကြားသည်။

စည်ပင်ရုံးအနီးတွင်  အမြန်ကားသည် တဖက်ယာဉ်ကြောအတွင်း ရောက်ရှိသွားကြောင်း၊ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ် နှင့်တိုက်မိကြောင်း၊  ဆိုင်ကယ်မောင်းနှင်လာသူ တကက မြစိန် (ကိုယ်ပိုင်အမှတ် ၆၂၇ ၄၃၈)၊  တသ မြင့်မွှေး ကိုယ်ပိုင်အမှတ် (၅၂၆၂၈၁)  တို့ ဒဏ်ရာ အပြင်းအထန်ရပြီး သေဆုံးခဲ့ကြောင်း  တောင်ကြီးမြို့ ယာဉ်ထိန်းရုံးမှ တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။

     ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟဲဟိုးရဲစခန်းက ယာဉ်မောင်းဖြစ်သူ ဇင်ဘိုအောင် ခေါ် ကိုဇွဲ (အသက် ၂၆ နှစ်) ကို  ယာဉ်(ပ)၁/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၀၄/က ဖြင့် အမှုဖွင့် အရေးယူ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

No comments:

Post a Comment