Monday, March 25

ရှမ်းမောင်ရှင်လောင်း လှည့်လည်ပွဲ


 

ရှမ်းရိုးရာ ယဉ်ကျေးမှု အတိုင်း  နှစ်စဉ် ကျင်းပလျက်ရှိသည့် ရှမ်းမောင်ရှင်လောင်း လှည့်လည်ပွဲကို ယနေ့ နံနက်က တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ခ) မိန်းလမ်း တလျှောက် စည်ကားစွာ

စိုက်ပျိုးရေးဒေသ တောင်ကြီးအတွက် အကျိုးရှိတဲ့ ဆွေးနွေးပွဲ



 ပိုးသတ်ဆေး ဥပဒေ နှင့် မြေသြဇာ လုပ်ထုံးလုပ်နည်း ဆိုင်ရာ ဆွေးနွေးပွဲများကို စိုက်ပျိုးရေးဌာနက မြို့ကြီးအများအပြားတွင် ပြုလုပ်လျက်ရှိရာ ယနေ့ အလှည့်ကျသည့်မြို့မှာ တောင်ကြီးမြို့ ဖြစ်သည်။

Sunday, March 24

တခမ်းတနားဖွင့်လိုက်တဲ့ SNLD ရဲ့ လားရှိုးမြို့ရုံးခွဲ


SNLD ခေါ်  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏  လားရှိုးမြို့ရုံးခွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်က စည်စည်ကားကား ကျင်းပခဲ့ကြသည်။

Friday, March 22

စာရွက်ပေါ်က ၀န်ကြီး



ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဦးဝင်းမြင့်က မိမိသည် အင်းတိုင်းရင်းသားရေးရာ ၀န်ကြီးဖြစ်သည်မှာ မှန်ကြောင်း၊  သို့သော်လည်း လုပ်ပိုင်ခွင့်မှာ စာရွက်ပေါ်တွင်သာ ရှိကြောင်း လားရှိုးမြို့တွင် ရောက်ရှိစဉ် ပြောဆိုလိုက်သည်။

Tuesday, March 19

ဆင်မ်ကတ်များ စုဝေးနေကြသည် ...၊ ဆက်သွယ်ရေး တာမလွှတ်သေး ...


ကာတွန်း - ဂျွန်ချစ်ငြိမ်း



SSA နဲ့ တကယ်အပစ်ရပ်ဖို့ ဦးအောင်မင်း ဘယ်လိုအကြံပေးသလဲ




ရှမ်းပြည်တွင် အပစ်ရပ်ထားသည့် RCSS/SSA နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းမှာ  နယ်မြေမခွဲခြားရသေးသောကြောင့် ဖြစ်ကြောင်း လားရှိုးမြို့သို့ ရောက်နေသည့်
ဗဟိုအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယနေ့ ပြောလိုက်သည်။

SSA နဲ့ တကယ်အပစ်ရပ်ဖို့ ဦးအောင်မင်း ဘယ်လိုအကြံပေးသလဲ




ရှမ်းပြည်တွင် အပစ်ရပ်ထားသည့် RCSS/SSA နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်းမှာ  နယ်မြေမခွဲခြားရသေးသောကြောင့် ဖြစ်ကြောင်း လားရှိုးမြို့သို့ ရောက်နေသည့်
ဗဟိုအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယနေ့ ပြောလိုက်သည်။

Monday, March 18

လားရှိုးမှာလည်း ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးမယ်



လားရှိုးမြို့တွင် ငြိမ်းချမ်းမှုအတွက် ယုံကြည်မှု တည်ဆောက်ခြင်း အကြောင်းအရာကို  လာမည့် ဗုဒ္ဓဟူးနေ့မှ အစပြုပြီး ၃ ရက်ကြာ ကျင်းပမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ပါတီ) က ပြောသည်။

တောင်ကြီးတွင်ြ
ပုလုပ်ခဲ့သည့် ဆွေးနွေးပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း)


မကြာသေးခင်က ဤသို့သော ဆွေးနွေးပွဲမျိုးကို  ရန်ကုန်၊ တောင်ကြီးမြို့တို့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

လားရှိုးတွင် ထပ်မံ ဆွေးနွေးသည့်အခါ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အရပ်ဖက် လူ့အဖွဲ့အစည်း ဆိုင်ရာ အဖွဲ့ပေါင်း (၂၆) ဖွဲ့ ဆွေးနွေးကြမည်ဟု SNLD ၏ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ  ဦးစိုင်းခင်မောင်ညွန့်(ခ) စိုင်းခမ်းပိုင်ဖ ၏ ပြောပြချက်အရ သိရှိရသည်။

ဆွေးနွေးပွဲ သုံးရက်ပြီးလျှင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ ကိုစိုင်းလိတ်က ပြောသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

ဆက်စပ် 
SNLD ရဲ့ မာရသွန် ဆွေးနွေးပွဲ 


ဥုံ ... ထလော့ ... ထလော့....

  ကာတွန်း -  ဂျွန်ချစ်ငြိမ်း

လားရှိုး ပြန်ကြားရေးဌာန နှင့် ဆိုင်ခန်းဖွင့်သူများ ပဋိပက္ခ



လားရှိုးမြို့၊ ရပ်ကွက် ၃ ရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးအောက်တွင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်ခန်း (၁၄) ခန်းအား ယခု လကုန်ရက် နောက်ဆုံးထားပြီး ထိုနေရာမှ ရွှေ့ကြရန် အာဏာပိုင်တို့က ညွှန်ကြားထားကြောင်း ဆိုင်ရှင်တို့က ပြောသည်။

လုံခြုံရေး၊ စည်ပင်သာယာရေး အခြေအနေများ အကြောင်းပြပြီး ဖယ်ရှားခိုင်းခြင်းဖြစ်သည်ဟု ရှမ်းပြည်ပြန်ဆက် ဒုညွန်မှူး ဒေါ်ခင်ဆန်း ထုတ်ပြန်သည့်  အမိန့်စာတွင်  ဖော်ပြထားသည်။

ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး ဈေးဆိုင်ခန်း ပိုင်ရှင်များက မတ်လ ၁၀ ရက်နေ့တွင် မီဒီယာတွေ့ဆုံပွဲ ပြုလုပ်ပြီး ရှင်းပြကြသည်။

ဆိုင်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဦးတာက ~
- တောင်းသလောက် လစာအား မညည်းမငြူ အမြဲပေးဆောင်နေကြောင်း၊
- ယခုလို မောင်းထုတ်ခံနေရသည့်တွက် မိမိတို့များစွာ နှစ်နာကြောင်း၊
- ဖယ်ရှားဖို့ သိရှိကြောင်းသာ လက်မှတ်ထိုးခဲ့ကြောင်း၊
-  ၁၉၉၃ ခုနှစ် ကတည်းက စတင်ပြီး ဆိုင်ခန်းဆောက်ကာ လုပ်ကိုင်နေသူများလည်းရှိကြောင်း၊
- လစာပေးရပုံမှာ အခြားနေရာများထက် ထူးခြားကြောင်း -  ၁ နှစ်လျှင် ၁၂ လသာ ရှိသော်လည်း  ၁၃ လစာ ပေးရကြောင်း၊
- မိမိတို့အနေဖြင့် ပြောင်းရွှေ့ပေးမည်မဟုတ်ကြောင်း
 ရှင်းလင်းပြောဆိုသည်။



ဈေးဆိုင်ခန်းပိုင်ရှင် တစ်ဦး ဖြစ်သူ ဒေါ်နန်းလှကြည် (မြေသြဇာနှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်)၊
        ဈေးဆိုင်ခန်းထွက်နေသည့် မချိုထမင်းကြော် ဆိုင်မှ မငယ်တို့က ~
- ရုတ်တရက် ဖယ်ရှားရန် ခိုင်းစေခြင်းခံရသည့်အတွက် ဒုက္ခ များစွာရောက်ရှိကြောင်း၊
-  ရှမ်းပြည်ပြန်ဆက် ဒုညွန်မှူါ် ဒေါ်ခင်ဆန်း ကိုယ်တိုင် မိမိတို့အား လာရောက်ပြောဆိုခဲ့ကြောင်း ၊ ကြားကာလဆိုင်းငံရန် တင်ပြ တောင်းဆိုခဲ့သော်လည်း ယင်းအနေဖြင့် တလသာ တိုးပေးနိုင်သည်ဟု ပြန်ပြောဆိုခဲ့ကြောင်း၊
- သည်နေရာတွင်ပင် မဖယ်ရှားဘဲ ဈေးဆက်လက်ရောင်းချလိုကြောင်း ပြောသည်။

          ဈေးဆိုင်ရှင် တဦးဖြစ်သူ မကံချီးက ~
-  ဆိုင်ခန်းအား လွန်ခဲ့သည့် တနှစ်ခွဲခန့်က ၀ယ်ယူစဉ် ပြန်ဆက် ဒုညွန်မှူး ဒေါ်ခင်ဆန်းထံ စုံစမ်း အကူညီတောင်းခံခဲ့ကြောင်း၊
-  ၀ယ်ပါ၊ ပြဿနာ မရှိပါ ဟုပြောဆိုသဖြင့် သိန်းလေးဆယ်ဖြင့် ၀ယ်ယူခဲ့ကြောင်း၊
- ဆိုင်ခန်းဝယ်ထားသည်မှာ ၂ နှစ်ပင်မပြည့်ခင် မိမိတို့အားမောင်းထုတ်နေသည်မှာ မတရားကြောင်း ၊
- ဆိုင်ခန်းခလည်း တနှစ်လျှင် ၁၃ လစာ ပေးဆောင်နေရကြောင်း ၊
- မိမိတို့နေရာမှ ဖယ်ရှားပေးမည်မဟုတ်ဘဲ ဈေးဆက်လက်ရောင်းချသွားမည် ဖြစ်ကြောင်း  ပြောဆိုသည်။

     ကိုဗီချနှူး ကုန်ဆုံဆိုင်ပိုင်ရှင်က ~
- သိန်း ၁၀၀ ကျပ်ဖြင့် ၀ယ်ထားသည်မှာ ၂ နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊
-  မောင်းထုတ်တော့ ဖယ်ရှားဖို့ နေရာထိုင်ခင်းအခက်အခဲ ရှိကြောင်း၊
- တခြားနေရာများတွင် ဈေးဆိုင်ခန်းခ တလ ငှားရမ်းခ သုံးလေးသိန်း လည်း မိမိတို့အနေဖြင့် မတတ်နိုင်ကြောင်း ပြောသည်။

 ဦးမြသောင်းက ~
       ၁၉၉၈ ခုနှစ်ကတည်းက ဖွင့်လှစ်ရောင်းချရာ ယခု (၁၅) နှစ်ခန့် ရှိပြီဖြစ်ကြောင်း
- ရန်ကုန် ပြန်/ဆက်ဦးစီး အရာရှိ ကိုယ်တိုင်ကွင်းဆင်းကြည့်ုပြီး ခွင့်ပြုပေးခဲ့ကြောင်း၊
- ယခုမှ ဖယ်ရှားခိုင်းခြင်းသည် သဘာဝမကျကြောင်း၊
- သူတို့ခွင့်မပြုသည့်ပစ္စည်းများလည်းရောင်းချနေသည့်ဈေးဆိုင်ခန်း တခန်းမှ မရှိကြောင်း၊
- သည့်အတွက် ယခုဖြစ်စဉ်အား နိုင်ငံတော် သမတ၊ ဒုသမတ၊ ပြန်ကြားရေးဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူးရုံး၊ ရှမ်းပြည်ပြန်ဆက်ရုံး တို့ထံလိပ်မူပြီး လူကိုယ်တိုင်နေပြည်တော်သို့သွားရောက်ပြီး အသနားခံစာ တင်ပြထားကြောင်း၊
-  ရှေ့ဆက်ပြီး တရားဥပဒေ စိုးမိုးရေး နှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ပါ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း
ပြောဆိုသည်။

 ဆိုင်ခန်းပိုင်ရှင်များဖက်မှ ကူညီပေးနေသည့်တရားလွတ်တော် ရှေ့နေ တဦးက ~
- အခကြေးငွေပေးပြီး အသုံးပြုနေသူများဖြစ်သဖြင့် ပြန်/ဆက်က အငှားချသူ၊ အိမ်ရှင်၊ ဆိုင်ခန်းဖွင့်သူက အိမ်ငှားများဖြစ်သည်၊ 
- ၁၉၆၀ ပြည့်နှစ် ငှားရမ်းခကြီးကြပ်ရေး ဥပဒေနှင့်သာ သက်ဆိုင်ကြောင်း၊
- ယင်း ၁၉၆၀ ပြည့်နှစ် ဥပဒေ၏ အကာအကွယ်ကို နိုင်ငံသား အခွင့်အရေး အလျောက် ရသင့်ကြောင်း၊
- နို့တစ်စာထုတ်ပြီးအင်အားသုံးနှင်ထုတ်ခွင့် မရှိကြောင်း၊
- ၁၉၅၅ အစိုးရ အိမ်ဥပစာမှ နှင်ထုတ်သည့် ဥပဒေ နှင့်မသက်ဆိုင်ကြောင်း၊
- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ (အခန်း-၈) အရ နိုင်ငံသားများ၏ မူလ အခွင့် အရေး နှင့်တာဝန်များ ပုဒ်မ ၃၇၂ အရ ဖွဲ့စည်းပုံပါ အခြေခံ ဥပဒေ ပါ ပြဌာန်းချက်များ နှင့်လည်းကောင်း၊ တည်ဆဲ ဥပဒေများ ပါပြဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်ဘဲ စီးပွားရေး ကိစ္စများကို ဆောင်ရွက်ရာ တွင် ပစ္စည်းပိုင်ဆိုင်ခွင့် ၊ သုံးစွဲခွင့်၊ ကိုယ်ပိုင် တီထွင်ခွင့် ၊မူပိုင်ခွင့်၊ တို့ကို နိုင်ငံတော် က အာမခံသည်ဟု ထည့်သွင်းဖော်ပြထားကြောင်း၊
- နိုင်ငံတော်၏ ဥပဒေသည် တစ်ခုတည်းသာဖြစ်ပြီး နိုင်ငံသားအားလုံး နှင့် သက်ဆိုင်ပြီး သာတူညီမျှ ဖြစ်စေရမည်ဟု ပါဝင်ကြောင်း
သုံးသပ်ပြောဆိုသည်။

ဂျွန်ချစ်ငြိမ်း(တောင်ကြီး)
~
 


Friday, March 15

လွတ်လပ်ပွင့်​လင်း မြင်သာမှု နှင့် တောင်ကြီး ဖက်ရှင်ရှိုး





တောင်ကြီးမြီု့ ၊မြို့တော်ခန်းမတွင် ယခုလဆန်းပိုင်းက ပြုလုပ်ခဲ့သည့်  ဖက်ရှင်ရှိုး တစ်ခုအကြောင်းမှာ ဒေသအတွင်း လူပြောများသည့် ဖြစ်ရပ်တခုဖြစ်သည်။

Wednesday, March 13

လားရှိုးမှာ စည်ကားခဲ့တဲ့ သီရိသျှီဝရှန်ခိုက် ဘုရားပွဲ




 ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့၊ မန်ပန်ရွာအနီး  အောင်တော်မူ သီရိသျှီဝရှန်ခိုက် ဘုရားပွဲကို ယခုလ ၈  ရက်နေ့မှ ၁၀ ရက်နေ့ထိ အထူးစည်ကားစွာ ကျင်းပခဲ့သည်။

ပွဲတော်သို့ အနယ်နယ်ရပ်မှ ဟိန္ဒူဘာသာဝင်များ၊ ဂေါ်ရခါးလူမျိုးများ၊ နိုင်ငံခြားသား ဧည့်သည်များ တရက်လျှင်  နှစ်သိန်းကျော်ခန့်

Monday, March 11

"တခါလာလည်း ဘုန်းကြီးကျောင်း၊ ဘုရား စေတီ၊ နွားလှည်း.."










ပန်းချီလှမြင့်ဆွေဟာ တပ်မတော်သားအရာရှိဟောင်းတဦးပါ။
သူရေးသားပြုစုခဲ့တဲ့ စာအုပ်များထဲမှာ ပန်းချီ နဲ့ ဓာတ်ပုံ ဆိုင်ရာ စာအုပ်တွေလည်း ပါဝင်ပါတယ်။ ဆရာ့ရဲ့ ပန်းချီကားတွေက
မင်ခြစ်ပန်းချီများ ဖြစ်ပါတယ်။ မကြာသေးခင်က ပန်းချီလှမြင့်ဆွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခိုက် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကို ဖော်ပြလိုက်ပါတယ်။
သတင်းရေး၊ ပန်းချီ/ကာတွန်းဆွဲတဲ့ ဂျွန်ချစ်ငြိမ်း(တောင်ကြီး)က မေးမြန်းထားတာ ဖြစ်ပါတယ်။

ဆရာ့ရဲ့ လက်ရာတချို့ကိုလည်း အင်တာဗျူးနဲ့အတူ ပူးတွဲ ဖော်ပြလိုက်ပါတယ်။


မေး။ ။ အန်ကယ်လှမြင့်ဆွေအကြောင်း စာဖတ်ပရိသတ်ကို နည်းနည်းပါးပါး မိတ်ဆက်ပေးပါခင်ဗျ။

Thursday, March 7

ကလေးများအတွက် တရားစခန်း



တရားစခန်းဝင်ခြင်းမှာ လူကြီးတို့၏အလုပ်သာ ဖြစ်သည်ဟု ယူဆရဖွယ် ရှိသော်လည်း တောင်ကြီးမြို့တွင် ကလေး ၂ဝဝ အထိ ယခု ရက်ပိုင်း တရားစခန်းဝင်မည်ဖြစ်သည်။

ယခုလ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ  ကန်အောက်ရပ်ကွက်၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဖွင့်လှစ်သည့် တရားစခန်းတွင် ကိုရင် အပါးတရာ၊ သီလရှင်အပါး တရာအထိ လက်ခံမည်ဟု သိရသည်။

ကလေးတရားစခန်းကို စတုတ္တအကြိမ်မြောက်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း မင်းကျောင်းဝေယျာဝစ္စအဖွဲ့ဝင် ဒေါ်စန္ဒာကရှင်းလင်းပြောဆိုသည်။

၂၀၁၀ ပြည့်နှစ်က  ကိုရင် အပါး ၈၀၊ သီလရှင်အပါး ၇၀ ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

       ဆရာတော်များဖြစ်ကြသည့် ဦးနာယက၊ ဦးဂုဏသာရ တို့က ဦးဆောင်ပြီး ကလေးတရားစခန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊
မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အဖြစ်မှ   ထေရ၀ါဒ ဗုဒ္ဓဘာသာ အကြောင်း သိရှိသူ ကလေးငယ်များ ဖြစ်လာရန်၊  လိမ္မာယဉ်ကျေးသူများ ဖြစ်လာစေရန် ရည်ရွယ်ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ်မှ ကလေးများ၊  အနီးတ၀ိုက် မြို့ရွာများမှ ကလေးများ တရားစခန်း ဝင်နေကြသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~
















Wednesday, March 6

ကလေးတွေ ဆိုကြ၊ ပျော်ကြ၊ ကကြမယ်



ကလေးငယ်များ၏ တေးဂီတ သီဆိုမှု ပြိုင်ပွဲအား တောင်ကြီးမြို့ ၊မြို့တော်ခန်းမတွင် မတ် ၁ ရက်နေ့မှ  ၅ရက်နေ့ထိ ကျင်းပခဲ့သည်။

 ရှမ်းပြည်နယ် မိခင် နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က ကျင်းပခြင်း ဖြစ်ကြောင်း၊ ILBC ကလေးစာသင်ကျောင်းက အဓိက ကူညီပေးခဲ့ကြောင်း  ပွဲစီစဉ်သူများက ပြောသည်။

   ကလေး သီချင်းဆိုပြိုင်ပွဲတွင် အသက် ငါးနှစ်အောက်၊ ငါးနှစ် အထက် ဟူ၍  အုပ်စုနှစ်စုခွဲပြီး    ပြုလုပ်ခဲ့သည်။

ကလေးများ စိတ်ကူးဥာဏ်ရည်မြင့်မားစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ပျော်ရွှင်စေရန်ရည်ရွယ်ပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း သီချင်းသီဆိုမှု အကဲဖြတ်ဒိုင်အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ထို့အပြင် အပျိုတော်ယိမ်း၊ ရှမ်းတိုင်းရင်းသားအက၊ ခေတ်ပေါ် အကအလှများကိုလည်း တင်ဆက်ခဲ့သည်။
        မတ်၅ရက်နေ့ ယှဉ်ပြိုင်မှု အပြီးတွင် သက်တမ်းအလိုက် ဆုပေးပွဲပါ ကျင်းပခဲ့သည်။

                       ဂျွန်ချစ်ငြိမ်း(တောင်ကြီး)













တောမီးလောင် လူနေအိမ်ကူးစက်


                   တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက် အစွန် နှင့် ကပ်လျက်တည်ရှိသည့် အေးသာယာ တောင်ကြီးမြို့အတက်တောလမ်းတွင် ဖေဖော်ဝါရီ နောက်ဆုံးပတ်နေ့လည် ၃း၃၀မိနစ်အချိန်ခန့်က တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာမှတဆင့် စိန်ပန်းရပ်နယ်မြေ(၁) ၊ မှ တဲအိမ် (၇) လုံးမီးကူးစက်လောင်ကျွမ်းခဲ့သည်။

                 တောမီးစလောင်စဉ်က တောင်စောင်းတစ်ဝိုက်တွင်စတင်လောင်ကျွမ်းနေကြောင်း၊ နေ့လည် (၃) နာရီတွင်လေပြင်းများတိုက်ခတ်လာပြီး မီးပွားများလွင့်စင်ရာမှ တဆင့် မီးကူးမှုဖြစ်ပွားကာ လူနေတဲအိမ်များပါကူးစက်လောင်ကျွမ်းခဲ့ကြောင်း စိန်ပန်းရပ်ကွက်နေ မျက်မြင်တွေ့ကြုံခဲ့ရသူများကပြောသည်။

မီးဘေးဒုက္ခရောက်ခဲ့သည့် အိမ်ထောင်စု (၇) စုမှ စုစုပေါင်း (၄၁) ဦးအား စိန်ပန်းရပ်ရှိ အ.မ.က ကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပေးထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

                 အဆိုပါ နေ့တွင်ပင် ကလောမြို့၊ အမှတ်(၇) ရပ်ကွက်ရှိ မြက်ရဲအင်း အနောက်ဖက်တော တွင် ကိုင်းတောများ မီးလောင်ကျွမ်းရာမှ တဆင့် ဓနိမိုး ထရံကာ ၀ါးခင်းကြက်ခြံသို့ ကူးစက်လောင်ကျွမ်းပြီး ကြက်အကောင်ရေ (၂၀၀) မီးထဲ ပါသွားကြောင်း ကြက်ခြံပိုင်ရှင်ဖြစ်သူ ဦးကျော်ဦးကပြောသည်။

                  ယင်းမီးလောင်ကျွမ်းမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး တောင်ကြီးခရိုင် မီးသတ်ဦးစီးဌာနသို့ဆက်သွယ်မေးမြန်းရာ
- ကျူးကျော်တဲများ တောင်စောင်းတွင် ဆောက်လုပ်နေထိုင်ကြရာ ထိုသို့ နေထိုင်သူတို့၏ အသက်အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း၊
- တောမီး အန္တရာယ်အပြင်၊ မြေပြိုခြင်း၊ ငလျင်လှုပ်ခြင်း၊ များဖြစ်ပေါ်လာပါကလည်း အသက်အန္တရာယ်ကို ထိခိုက် စိုးရိမ်ရကြောင်း ၊
- ယခု မီးလောင်ကျွမ်းမှုဖြစ်သည့်နေရာသည် မတ်စောက်သည့် တောင်စောင်းနေရာဖြစ်နေသည့်အတွက် မီးသတ်ယာဉ်ဝင်ရောက်ဖို့မဖြစ်နိုင်ကြောင်း၊
- ရေသယ်ယာဉ် အသေးပင်လျှင် မ၀င်နိုင်ကြောင်း၊
-  လမ်းကကျဉ်းသည့်အတွက် ပေ(၁၀၀) မီးသတ်ပိုက်လိပ် (၁၀)လိပ်၊ ပေ(၁၀၀၀) ခန့်် အသုံးပြုပြီး ခက်ခက်ခဲခဲ ငြိမ်းသတ်ရကြောင်း၊


- ပြည်သူတွေ အနေဖြင့် ယခုလို တောမီးလောင်ခြင်းဖြစ်ပေါ်လျင် မိမိတို့ အိမ်အားတောမီးကူးစက်မခံရအောင် မီးခြားလမ်းများ ပြုလုပ်ထားရမည်ဖြစ်ကြောင်း
-  နေအိမ် နှင့် (၁၀) ပေခန့် အကွာအား ရှင်းလင်းထားရန်လိုပြီး (၁၅)ပေရှိ သစ်ပင်များအား ငုတ်တိုလေးတွေဖြစ်အောင် စိုက်ထားရမည်ဖြစ်ကြောင်း၊
- သို့မှသာလျင် တောင်စောင်းတ၀ိုက်တွင် နေထိုင်သည့် ပြည်သူများ အန္တရာယ် ကင်းရှင်းနိုင်မည်ဖြစ်ကြောင်း
တောင်ကြီးခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်သူက ရှင်းလင်းပြောဆိုခဲ့သည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး)

တပ်မတော်သား နှစ်ဦး ဟဲဟိုးမြို့ယာဉ်တိုက်မှုတွင် သေဆုံး



ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဆိုင်ကယ်စီးလာကြသည့် ခြေလျှင်တပ်ရင်း အမှတ်  ၉၄ မှ တပ်ကြပ်ကြီး တဦး၊ တပ်သားတဦးသည် ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့ စည်ပင်သာယာရုံးအနီးတွင် ခရီးသည်တင်ကားကြီးတစီးနှင့် မျက်နှာချင်းဆိုင် တိုက်မိပြီးနောက် ထိုနေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

ခရီးသည်တင်ကားမှာ တောင်ကြီးမြို့မှ ရန်ကုန်မြို့သို့ ခရီးနှင်လာသည့် ရွှေတောင်ရိုး အမြန်လေအိတ်ကားဖြစ်ကြောင်း  တောင်ကြီးရွှေတောင်ရိုးဂိတ်၏ အတည်ပြုပြောကြားသည်။

စည်ပင်ရုံးအနီးတွင်  အမြန်ကားသည် တဖက်ယာဉ်ကြောအတွင်း ရောက်ရှိသွားကြောင်း၊ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် ဆိုင်ကယ် နှင့်တိုက်မိကြောင်း၊  ဆိုင်ကယ်မောင်းနှင်လာသူ တကက မြစိန် (ကိုယ်ပိုင်အမှတ် ၆၂၇ ၄၃၈)၊  တသ မြင့်မွှေး ကိုယ်ပိုင်အမှတ် (၅၂၆၂၈၁)  တို့ ဒဏ်ရာ အပြင်းအထန်ရပြီး သေဆုံးခဲ့ကြောင်း  တောင်ကြီးမြို့ ယာဉ်ထိန်းရုံးမှ တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။

     ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဟဲဟိုးရဲစခန်းက ယာဉ်မောင်းဖြစ်သူ ဇင်ဘိုအောင် ခေါ် ကိုဇွဲ (အသက် ၂၆ နှစ်) ကို  ယာဉ်(ပ)၁/ ၂၀၁၃ ပြစ်မှု ပုဒ်မ ၃၀၄/က ဖြင့် အမှုဖွင့် အရေးယူ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

Saturday, March 2

တောင်ကြီးပြန်ကြားရေးဌာန နဲ့ မီလျံနာစာပေ


တောင်ကြီးမြို့ မီလျံနာစာပေ အဆောက်အအုံသည် အစိုးရပိုင်မြေပေါ်တွင် ဆောက်လုပ်ထားခြင်း ဖြစ်ဖွယ် ရှိသဖြင့် ထွက်ခွာပေးရန် ပြန်ကြားရေးဌာနက သတိပေးထားသည်ဟု သိရသည်။

 အစိုးရ၏ အိမ်ဥပစာတွင် ခွင့်ပြုချက်မရှိဘဲ နေထိုင်သည်ဟု ယူဆရသောကြောင့် သတ်မှတ်ရက်အတွင်း ထွက်ခွာခြင်း မရှိပါက  ဖယ်ရှားခံရမည်ဟု စာတွင် ရေးထားကြောင်း မီလျံနာစာပေတိုက်မှ ဒေါ်မျိုးမျိုးသူက မီဒီယာသမားများကို ယခင်တပတ်က  ရှင်းလင်းပြောဆိုခဲ့သည်။

သတိပေးစာတွင် ရေးထားသကဲ့သို့ ခွင့်ပြုချက်မရဘဲ နေထိုင်ခြင်း မဟုတ်ကြောင်း ဒေါ်မျိုးမျိုးသူက ပြောသည်။

 မြသုခရုပ်ရှင်ရုံ လေလံတင်အပြီး   မြန်မာ့ရုပ်ရှင်လုပ်ငန်း အထက်မြန်မာ ပြည်ရုံးခွဲ ဒုညွှန်မှူး ဦးတင်လှိုင် ထံတွင်    မြေငှားစာချုပ်ချုပ်ဆိုခဲ့ပြီး   ဖြစ်သည်ဟု ဆိုသည်။

               ၁၉၉၇ ခုနှစ်က ကျပ်သိန်းပေါင်း များစွာ အကုန်အကျခံကာ ယခုလက်ရှိ အဆောက်အအုံ ဆောက်လုပ်ခဲ့ခြင်းကြောင်း၊    လစဉ် မြေငှားရမ်းခ ၇၀,၀၀၀ ဖြင့် အစပြုခဲ့ပြီး နောက်ပိုင်း တလလျှင်  ၂၅၀,၀၀၀  အထိ ပေးချေခဲ့ကြောင်း မီလျံနာ စာပေမှ ဦးနီနီကိုက ပြောသည်။



မိမိတို့ထံ ပို့လာသည့် နို့တစ်စာအပေါ် ငြင်းဆိုပြန်ကြားစာကို ဖေဖော်ဝါရီ ၂၀ရက်နေ့က ပြန်ကြားရေးဌာနသို့ ပြန်လည်ပေးပို့ခဲ့ကြောင်း ဦးနီနီကိုကပြောသည်။

သမ္မတ၊ ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွတ်တော် ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ (၀န်ကြီးချုပ်)၊ ပြန်ကြားရေး ၀န်ကြီးဌာန (နေပြည်တော်)၊ ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှုး၊ ပြည်နယ်ရဲတပ်ဖွဲ့ရုံး တို့ကိုလည်း မိတ္တူပေးပို့ထားကြောင်း သူက ဆက်လက် ရှင်းပြသည်။

             ယခုလိုနို့တစ်စာထုတ်ခံရခြင်းနှင့် ပတ်သက်ပြီး နိုင်ငံသားယောက်၏ ရပိုင်ခွင့်နှင့်အညီ ဥပဒေဘောင်အတွင်းကနေပြီး နောက်ဆုံးအချိန်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။

              စတင်အနှင်ခံရသည်မှာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ကြောင်း ၊ မစည်ကားခင်ကတည်းက မနစ်နာခံပြီး စာပေလုပ်ငန်း လုပ်ဆောင်ခဲ့ကြောင်း၊ မီဒီယာကော်နာတွေခွင့်ပြုပေးမည်ဟုပြောပြီး မိမိတို့စာပေ လုပ်ငန်းကို နှင်ထုတ်နေသည့်အတွက် စိတ်ထဲမှာခံစားရကြောင်း မီလျံနာ စာပေ မှ ဦးနီနီကိုကပြောသည်။

၁၉၈၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သော  မီလျံနာစာပေတိုက်သည်  မြို့ကြီးများမှ စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ရှမ်းပြည်နယ်တ၀န်းကို စာနယ်ဇင်းများ ဖြန့်ချိပေးလျက်ရှိသည်။

 ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~

ပန်းချီနဲ့ပန်းပုတွဲတဲ့ ရန်ကုန်က ပြပွဲ


Plus Three Star အမည်ရ ပန်းချီ၊ ပန်းပု ပြပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ လောကနတ် ပန်းချီပြခန်း တွင် ၆ ရက်ကြာ ကျင်းပပြုလုပ်ရာ ယမန်နေ့က အဆုံးသတ်ခဲ့သည်။ 

တိုင်းရင်းသားရိုးရာယဉ်ကျေးမှု၊ ရှုခင်း၊ သာသနိက အဆောက်အအုံ၊ ဗိုလ်ချုပ်အောင်ဆန်း စသည့် ပန်းချီကား တရာကျော်ကို ခင်းကျင်း ပြသခဲ့သည်။

 ရေဆေး၊ ဆီဆေး၊ အခရီုင်းလစ် စသည့် မီဒီယာများကို အသုံးပြုထားသည့် ပန်းချီကားများ ဖြစ်သည်။

ပန်းချီပြပွဲ အများအပြား ပြုလုပ်နေသည့်ကာလတွင်  ပထမဆုံးအကြိမ် ပန်းချီနှင့်ပန်းပုပေါင်းပြီး ပြပွဲပြုလုပ်ခြင်း ဖြစ်သည်ဟု ပန်းချီဆရာ ကိုကျော်ကျော်မျိုးက ပြောသည်။



ပြပွဲကာလအတွင်း အသက် ၇၀၊ ၈၀ ဝန်းကျင်  ပန်းချီဆရာကြီးတို့ကို ပုံတူဆွဲခြင်း၊ ပုံတူပန်းပုထုခြင်းများ ပြုလုပ်ခဲ့သည်။

နာမကျန်းဖြစ်နေပါက ထိုပန်းချီဆရာထံသို့  အိမ်တိုင်ရာရောက် သွားပြီး  ရေးဆွဲ၊ ထုလုပ်ကြောင်း၊ အိပ်ရာထဲတွင် လဲနေသည့် ပန်းချီဆရာကြီး ဦးခင်မောင်ရင်ထံ သွားရောက်ပြီး ပန်းပုရုပ်ထုခဲ့ကြောင်း၊ ဆရာကြီး ဦးခင်မောင်ရင်က ပန်းပုရုပ်ကြည့်ပြီး ၀မ်းမြောက်ကြည်နူး ပီတိဖြစ်ခဲ့သည်ကို တွေ့ရကြောင်း ကိုကျော်ကျော်မျိုးက ရှင်းလင်းပြောဆိုသည်။

ယခုပွဲ ပြီးဆုံးလျှင် မြန်မာပြည်တွင် အသက်ကြီးဆုံး ပန်းချီဆရာကြီး ဖြစ်သည့် ပန်းချီဆရာကြီး ဦးစန်းလှိုင်ကို ဂုဏ်ပြုသည့် ပြပွဲတခု စီစဉ်ထားကြောင်း၊ ဆရာကြီးကိုလည်း ဖိတ်ကြားမည်ဖြစ်သဖြင့် အတက်အဆင်းလုပ်ရန် မလိုသည့်  မြေညီထပ်ရှိ ပန်းချီ ပြခန်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကိုကျော်ကျော်မျိုးက ပြောသည်။

 ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~